ကျွန်တော့် ဘလော့လေးကို ပစ်ထားရတာကြလှပေါ့ မအားတာနဲ့ မရေးဖြစ်တော့တာ ခုတော့အရမ်းရေးချင်တဲ့စိတ်ပေါ်လာလို့ ရေးဖြစ်လိုက်တာ.. နောက်ပိုင်းလဲ မှန်မှန်ရေးဖြစ်မယ်ထင်တာပဲဗျ။ ပစ္စည်းတာဆို ဖုန်တက်နေလောက်ပြီ ပစ်ထားတာကြာလို့ မနဲ့ဂျီးချွတ်ယူရမယ်။ နောက်နေ့တွေ အချိန်လေးစုပြီးရေးဖြစ်အောင်ရေးဦးမယ်ဗျာ။
Sunday, July 12, 2009
blog လေးကိုဖုန်သုတ်ဦးမှး)
Saturday, July 11, 2009
ဒီဇင်ဘာကောင်မလေးအတွက် (၃)
နှင်းပွင့် နှင့်လွင့်မျောချင်း
ကံကောင်းတဲ့ဒီဇင်ဘာနေ့လေးပေါ့
လေပြေဟာ နှင်းပွင့်နဲ့အတူလွင့်မျောခွင့်ရခဲ့တယ်..
အပျော်တွေက တစ်လောကလုံးကို ပွင့်အံ့လို့...
မင်းမျက်နှာလေးကို ခိုးကြည့်ရတာပျော်တယ်..
မင်းနဲ့ စကားပြောရတာကြည်နူးတယ်
မင်းနှတ်ခမ်းပါးလေးတွေကြောင့်ပဲပေါ့..
ငါအကြိမ်ကြိမ် ရင်ခုန်ခဲ့ရတာ..
ငါ့ရင်ဘတ်တံတိုင်းတွေ အကြိမ်ကြိမ် ပြိုလဲခဲ့ရတာ...
ရွာသူမလေးရယ်... ပြုစားလွန်းလိုက်တာ..
ခွင့်ပြုပါတယ်... တစ်သက်လုံးဆက်ပြုစားပါ..
မရိုးသောချစ်ခြင်းမျိုးနဲ့ မြတ်နိုးနေပါ့မယ်..
ပြုစားလွန်းတဲ့ ကောင်မလေးရေ....
တစ်ခုဝန်ခံပါရစေ...
အဲဒီနေ့ကပေါ့....
လူးလွင့်နေတဲ့.. မင်းဆံနွယ်ကို
မရည်ရွယ်ပါပဲ... ခိုးနမ်းဖြစ်ခဲ့တယ်..
မင်းကို .. ချစ်......လွန်း.........လို့..... ။
လွန်ခဲ့တဲ့နှစ် 2007 ကပေါ့ ဒီဇင်ဘာလထဲလောက်မှာထင်တယ် ကောင်မလေးတစ်ယောက်ကို အိမ်အပြန်လိုက်ပို့တာ လိုက်ပို့ပြီးညမှာရေးဖြစ်တာ ကဗျာလေးကတော့ကြာပြီပေါ့
အဲဒီကောင်မလေးက အမွှာညီမလေးရှိတယ်.. အရင်ကညီအမတွေတူတူ ပြန်ကြတာ.. ကံကောင်းချင်တော့ အဲဒီနေ့က ညီမနေမကောင်းဘူး... သူတစ်ယောက်ထဲ အဲတာနဲ့ လိုက်ပို့ဖြစ်တာ (သူများနေမကောင်းတာ ကံကောင်းတယ်ဆိုပြီးပျော်ရတာ သိပ်တော့မကောင်းပါဘူး ဟီးဟီး )
အဲးဒီနေ့က နေမကောင်းတဲ့တစ်ယောက်ကိုတောင် စိတ်ထဲကနေ ကျေးဇူးတွေ ကျိတ်တင်ဖြစ်လိုက်သေးတယ် ဟီး
Tuesday, April 7, 2009
CWS ကဲမဲ့ 2009 သင်္ကြန်
ကျွန်တော်လဲ ဘလော့မရေုးဖြစ်တာတောင် တော်တော်ကြာသွားပြီ နှစ်လနေမှ post တစ်ခုတောင်မတက်တဲ့ဘ၀ ဖြစ်နေတယ်။ ဒီနေ့တော့ သင်္ကြန်အကြောင်းလေးပြောချင်တာနဲ့ပဲ ရေးဖြစ်အောင်ရေးမယ်ဆိုတဲ့ စိတ်လေးနဲ့ရေးဖြစ်သွားတာ။ တော်တော်စိတ်ညစ်ဖို့လဲကောင်းပါတယ် post တစ်ခုတင်ဖို့ ကျော်ရခွရ ဘလော့တစ်ခုဖတ်ဖို့ ကျော်ရခွရနဲ့ …. ကဲပါဒီအကြောင်းတွေပြောနေရင်ကုန်မှာမဟုတ်တော့ဘူး :)။ သင်္ကြန်အကြောင်းလေးပဲ ပြောတော့မယ်။ ၁၀တန်း ပြီးထဲက သင်္ကြန်ဆိုသောင်းကြန်းတာ သောက်တယ် စားတယ် ဘော်ဒါတွေနဲ့လည်တယ်… မဏ္ဍပ်ထိုင်တယ်ပေါ့ .. တစ်ခါတစ်လေ မဏ္ဍပ်ထိုင်နေတာတောင် တစ်ရက်လောက်ကြားထဲမှာထွက်လည်လိုက်သေးတယ် :D ။ ဒီနှစ်သင်္ကြန်ကတော့ အစီအစဉ်ထူးလေး လုပ်ထားတယ်ဗျ။ company ကပဲစီစဉ်ပေးတာပါ….. ကားနဲ့ပဲရန်ကုန်မြို့ပတ်ကြမှာ။ ကားကတော့ ကုန်တင်တဲ့ ကန်တာ ကား .. အရှည်က ၁၄ ပေ ကားထဲမှာ ၈ပေ ၄ပေ ရေတိုင်ကီတင်ထားတယ်… ပိုက်တွေက အချောင်း ၂၀ နော်ဇယ်က ၂ချောင်း နဲ့ ကားဘေးနှစ်ဖက်မှာလဲ vinyl နဲ့ အပီလန်းကြမှာ။ ရေပတ်ခံလည်းထွက်မယ် ကိုကလဲလိုက်ပတ်မယ် …. ညနေဆိုရင် ရေခဲရေနဲ့ပါပတ်မှာ :) ဟဲဟဲ။ T-shirt တွေလဲဆင်တူဝတ်ဖို့ ဆေးရိုက်ထားတယ်။ CREATiVE တစ်ဖွဲ့လုံးကဲမဲ့သင်္ကြန်ပေါ့ဗျာ။ လူတစ်ယောက်ဆီကို +1 ခေါ်ခွင့် ပေးထားတော့မြိုင်မြိုင်ဆိုင်ဆိုင်လေးပေါ့ဗျာ။ ဒီနှစ်သင်္ကြန်ကတော့ တစ်ကယ်ကိုထူးထူးခြားခြားလေးပါ အခုလိုမျိုးလဲ မလည်ဖူးတော့ သောင်းကျန်းဖို့ကို တော်တော်အားခဲထားတာဗျ :D အခုဘလော့ရေးရင်းနဲ့တောင် သင်္ကြန်ကိုမြန်မြန်ရောက်ချင်နေပြီ။
9.4.2009 သောကြာနေ့လောက်တော့ CREATiVE မှာမုန့်လုံးရေပေါ်လုပ်စားကြမယ်ဗျ …. စနေမှာရုံးသန့်ရှင်းရေးလုပ် တနင်္ဂနွေမှာ ကားကို ဆင်စရာရှိတာလေးတွေဆင်ရမယ် vinyl ကပ်တာတို့ ကြိုးတွေဆိုင်းတာတို့ဘာတို့ပေါ့။ တနင်္လာနေ့အကြိုနေမှာတော့ မုန့်ထပ်လုပ်စားဦးမယ် .. ညနေလောက်ကြမှ အပြင်ခဏထွက်ပြီး လမ်းကြောင်းအခြေအနေလေးဘာလေးကြည့်တာပေါ့။ နောက်ပိုင်း အစီအစဉ်အနေနဲ့ကတော့ အကျနေ့ မနက် 6နာရီကစပြီ အတက်နေ့ည ၉ နာရီထိကဲတာပေါ့ဗျာ :D ။
ကျွန်တော့်အတွက်ကလဲ ဖြတ်သန်းခဲ့တဲ့ သင်္က်ြန်တွေနဲ့ မတူတဲ့ပြောင်းလဲမှုလေးတွေကလဲ ဒီနှစ်မှာရှိနေတော့ ဒီနှစ်သင်္ကြန်ကို တော်တော်လဲ အမှတ်တရဖြစ်နေမှာပါ … ဟီး :P ။ သင်္ကြန်မှာ သောင်းကျန်းမယ့် ကျွန်တော်တို့ အစီအစဉ်လေးကတော့ ဒီလောက်ပါပဲ။ အကြိုနေ့ကြမှပဲ ကျွန်တော်တို့ CWS သင်္ကြန်မှတ်တမ်းပုံလေးတွေတင်ပေးပါတော့မယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်ပျော်ရွင်အေးချမ်းပြီး လန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Sunday, January 4, 2009
ခင်ဗျားနဲ့ကျုပ်
ခင်ဗျားနဲ့ကျုပ်က အကြိုက်ချင်းတွေတူခဲ့ပါတယ်
ဒါပေမဲ့ သံယောဇဉ်တွေ မတူခဲ့ဘူး ....
ခင်ဗျားနဲ့ ကျုပ်က အကြည့်တွေဆုံခဲ့ပါတယ်
ဒါပေမဲ့ မနီးစပ်ခဲ့ကြဘူး ....
ခင်းဗျားနဲ့ကျုပ်နဲ့က မျဉ်းပြိုင်နှစ်ကြောင်း
ဒါပေမဲ့ သီအိုရီထဲကလို အင်ဖန်နတီမှာ မဆုံခဲ့ဘူး ...
ခင်းဗျားမျက်ဝန်းကို ကျုပ်အမှတ်ရခဲ့ပါတယ်
ခင်းဗျားအကြောင်း ကဗျာရေးခဲ့ဖူးတယ်
ခင်းဗျားကတော့ ကျုပ်ကို အမှုမဲ့အမှတ်မဲ့
လရောင် မြင်တိုင်းခင်ဗျားကို အမှတ်ရတယ်
ကော်ဖီသောက်တိုင်း ကျုပ်ကို သတိရပါ..
တကယ်တော့ ခင်းဗျားနဲ့ကျုပ်အတွက်
ကံကြမ္မာဆိုတဲ့ငနဲက ဗီလိန်တစ်ကောင်ပါ...
27.12.2008
Sunday, December 28, 2008
welcome 2009 & good bye 2008
ဟလို!
ဘလော့ နဲ့ကင်းကွာနေလို့ ပြန်နုတ်ဆက်နေရတယ်း)။ ကျွန်တော် ဘလော့လေးကို ပစ်ထားရတာ တော်တော်ကြာသွားပြီဗျ (၄)လလောက်များတောင်ရှိမလားပဲ။ အလုပ်တွေအရမ်းများနေတာနဲ့ ဘလော့မရေးဖြစ်တော့တာ။ ဒီပိုစ်ကတော့ new yeaR လဲနီးနေတာနဲ့ ရေးဖြစ်အောင်ရေးမယ်ဆိုပြီးတင်ဖြစ်သွားတာ။ 2008 ကြီးတောင်ကုန်တော့မယ်နော် နှစ်သစ်ကိုရောက်တော့မယ်။ ကျွန်တော်အတွက်တော့ 2008 ကမဆိုးပါဘူးဗျ ပျော်စရာလေးတွေများပါတယ်။ စိတ်ညစ်စရာတွေလဲရှိတယ်၊ ပျော်စရာလေးတွေလဲ ရှိတယ်၊ အမှတ်ရစရာလေးတွေလဲရှိတယ်၊ မေ့မရနိုင်တဲ့နေ့လေးတွေလဲရှိတယ်(Nov 1)။ ကိုယ့်အကြောင်းနဲ့ကိုပေါ့ ဟဲဟဲ အဲဒီ nov 1ရက်လေးကိုတော့ ဘယ်တော့မှမမေ့ဘူး။ ထူးထူးခြားခြားပြောင်းလဲမှုကြီးတွေတော့ မရှိပါဘူး 2007 ကလိုပဲ အလုပ်လုပ်တယ်၊ သူငယ်ချင်းတွေနဲ့လျှောက်သွားတယ်၊ ပိုက်ဆံကြေးဂိမ်းချိန်းဆော့ကြတယ်၊ ဘီယာလဲသောက် ဖြစ်တယ်(ဘီယာတော့ပြောမနေနဲ့ 2008 နှစ်စ new year မှာထဲကသောက်ဖြစ်တာ:D)။ ကျွန်တော် 2009 ကိုကြိုဆိုရမှာလဲ ပျော်စရာတွေနဲ့ပါ(ဒါလဲ ကိုယ့်အကြောင်းနဲ့ကို;D)။ 31ညကြရင်တော့ creative မှာပွဲရှိတယ်။ကစားကြမယ် စားကြမယ် သောက်ကြမယ်ပေါ့။ကာရာအိုကေ ဆိုဖို့လည်းစီစဉ်ထားတယ်။ ဂီတာလည်းဒီနေ့သွားဝယ်ထားတယ် အဲဒီညတီးဖို့ တော်တော်တော့ပျော်ဖို့ကောင်းမှာပါ။ 12နာရီကြရင် Happy New Year
လို့အော်ကြမယ်။ ဟဲဟဲဒါလေးကတော့ 31ညအစီအစဉ်လေးပေါ့ :)။ အားလုံးပဲ နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့နိုင်ကြပါစေ။
Sunday, September 21, 2008
ဘ၀င်မကြတာလေးတွေ
ကျွန်တော် ဘ၀င်မကြတာလေးတစ်ခုပြောချင်လို့ပါ။ သူများတွေအနေနဲ့ လက်ခံနိုင်ပေမဲ့ ကျွန်တော်စိတ်ထဲမှာတော့ ဘ၀င်မကျလို့။ ဘလော့ကလဲရှိနေတော့ နဲနဲပွားလိုက်ဦးမယ် ဟီး။ တနေ့ကကျွန်တော့်မျက်မှန်က မှန်ကျွတ်သွားတယ်ဗျာ။ ကျွန်တော်လဲ မှန်ပြန်မတပ်တော့ပဲ မျက်မှန်းကိုင်းအသစ်လုပ်မယ်ပေါ့။ နောက်နေ့မျက်မှန်သွားလုပ်ဖို့ ဘော်ဘော်တစ်ယောက်ကိုချိန်းလိုက်တယ်။ မြို့ထဲတစ်ယောက်ထဲသွားရမှာပျင်းစရာကြီး။ ဒီကောင်လည်းမျက်မှန်တပ်တဲ့ကောင်ပဲ။ ကံကောင်ချင်တော့ ရွေဘုံသာလမ်းထဲမှာ သူအသိမျက်မှန်ဆိုင်ရှိတယ်တဲ့ မျက်မှန်းကိုင်းဈေးကို အရင်းနဲ့ရစေရမယ်တဲ့ အာမခံတယ်။ ဒါနဲ့ကျွန်တော်လဲ ဟုတ်ပြီပေါ့ မျက်စိကိုတော့ လုပ်နေကြ ဆိုင်မှာပဲသွားစမ်းလိုက်မယ်(အဲဒီမှာကစက်တွေနဲ့စမ်းတာလေ) ကိုင်းကိုတော့ ဒီမှာပဲဝယ်မယ်ပေါ့။ ဒါနဲ့ ကျွန်တော် လုပ်နေကြ ဆိုင်ကိုသွားတယ်။ အ၀င်ဝမှာပဲ ကောင်မလေးတစ်ယောက်က ကြိုပြီးမေးပါတယ်။ မျက်မှန်လုပ်မှာလားတဲ့။ ကျွန်တော်လဲ ဟုတ်တယ်ပေါ့ ဒီမှာလုပ်နေကြ ကိုင်းကျိုးသွားလို့ မျက်စိပဲ လာစမ်းတာလို့ပြောလိုက်တယ်။ ဒါနဲ့သူက မျက်စိပဲစမ်းမယ်ဆိုမရဘူးအကိုတဲ့ မျက်စိစမ်းပြီးရင် ဒီမှာ တစ်ခါထဲလုပ်မှရတာတဲ့ စမ်းချင်သပဆိုလဲစမ်းသွားတဲ့ စာရွက်တွေ စာအုပ်တွေကိုတော့ မပေးဘူးတဲ့။ ကျွန်တော့်စိတ်ထဲ နဲနဲတော့ ထင့်သွားတယ်။ ဘာလဲပေါ့ ဆိုင်ကြီးလုပ်နေပြီးတော့ ဒီလိုလုပ်တာ မကောင်းဘူးပေါ့။ သိပ်လဲကျေနပ်ဘူး။ မျက်မှန်စတက်တဲ့ 10တန်းကျောင်းသားဘ၀ထဲက ဒီမှာလုပ်နေကြ သူငယ်ချင်းတွေဆိုလဲ ဒီကိုပဲညွန်တယ်။ အခုလိုကြီးကြတော့ ဘ၀င်မကြဘူးဗျာ။ သူ့ဆီမှာ မျက်စိပဲစမ်းမယ် ကိုင်းမလုပ်ဘူးဆိုလဲ သူလက်ခံရမှာပေါ့။ ကျွန်တော်လဲ စိတ်ပေါက်ပေါက်နဲ့ ရွေပုံသာလမ်းအပေါ်ပြန်တက် အမေရီကန်ဗီးရှင်း မှာပဲဝင်စမ်းလိုက်တယ်။ သူကတော့ကောင်းတယ်ဗျာ မျက်စိပဲစမ်းတဲ့ နေရာနဲ့ မျက်စိစမ်းတာရော ကိုင်းပါလုပ်တဲ့နေရာခွဲထားတယ်။ မျက်စိပဲစမ်းမယ်ဆိုလဲသေချာစမ်းပေးတယ်။ စက်နဲ့တစ်ခါစမ်းတယ် ဆရာဝန်နဲ့ နောက်တစ်ခေါက်ထပ်စမ်းတယ်။ တကယ်ကောင်းတယ်ဗျာ တော်တော်လဲအဆင်ပြေတယ်။ စာရွက်တွေဘာတွေလဲ အကုန်ပေးလိုက်တယ်။ စမ်းသက်ခက ၃၀၀၀ ပဲကြတယ်။ တန်တယ်ခေါ်ရမှာပဲ။ အမှန်က ဒီင်္လိုဖြစ်နေရမယ်။ ကိုယ့်ဆီမှာ မျက်မှန်ကိုင်းမလုပ်ဘဲ မျက်စိပဲစမ်းမယ်ဆိုလဲ သူဖက်ကကြိုဆိုနေရမယ်။ အခုဒီဆိုင်မှာလဲ လူတွေအများကြီးပါ။ မျက်မှန်ကိုင်းလုပ်တဲ့ဆီမှာပါ လူတွေတန်းစီနေရပါတယ်။ ကျွန်တော်ဘ၀င်မကျတဲ့ဆိုင်မှာတော့ လုတွေခြောက်ကပ်လို့။ အဲဒီဆိုင်က ရွေဘုံသာလမ်းအလယ်ဘလောက်က အမေရီကန်ဗီးရှင်းနဲ့ နာမည်ဆင်တူ တဲ့ဆိုင်ပါ။ အဲဒီနေ့ကတော့ အဆင်ပြေပါတယ် မျက်စိစမ်းပြီးတော့ ဘော်ဒါပြောတဲ့ အသိဆိုင်မှာပဲ မျက်မှန်ကိုင်းဝင်လုပ်လိုက်တယ်။ အရင်ကျွန်တော်လုပ်နေကြဆိုင်ကဈေးနဲ့ဆို တစ်သောင်းနီးနီးလောက်ကွာနေတယ်။ နောက်ဆိုမျက်မှန်လုပ်ရင် ဒီလိုပဲလုပ်တော့မယ်။
Friday, September 19, 2008
Happy Birthday
ဒီနေ့ဒီရက် (19.9.2008) ခုတွင်ကြရောက်သော မဇာဖြူဖြူကျော့ (အမလေးမောလိုက်တာ) ၏ 23နှစ်မြောက်မွေးနေ့မှသည် နောက်နှစ်ပေါင်း များစွာ လူ့သက်တမ်း တစ်လျှောက် နေနိုင်သ၍ ချစ်သောသူများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ နေနိင်ပါစေသောဝ် :D
